← Home
GAD news 29 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာရှိ Power KTV အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်းရှိ/ မရှိအခြေအနေအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်၊ ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာရှိ Power KTV အား သတ်မှတ်ညွှန်ကြားထားရှိသည့် စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်းရှိ/ မရှိအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။