← Home
GAD news
01 Jun, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။