← Home
GAD news 01 Jul, 2026

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကဇွန်းခုံကျေးရွာအုပ်စု၊ နွယ်ငြိမ်းတောင်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကဇွန်းခုံကျေးရွာအုပ်စု၊ နွယ်ငြိမ်းတောင်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား ၃၃၄ ဦးတို့ တက်ရောက်ခဲ့ပြီး မျောက်ငို ၃၀၀ ပင်၊ ခရေ ၂၅၀ ပင်၊ မဟော်ဂနီ ၂၅၀ ပင်၊ ပျဉ်းကတိုး ၂၅၀ ပင်၊ မန်ဂျန်ရှား ၂၅၀ ပင်၊ ကျွန်း ၂၅၀ ပင်၊ ပိတောက် ၁၅၀ ပင်၊ စိန်ပန်း ၁၀၀ ပင်၊ ဗန်ဒါ ၁၀၀ ပင်၊ ကံ့ကော် ၅၀ ပင်၊ ရေတမာ ၅၀ ပင်၊ စုစုပေါင်းသစ်ပင် ၂၀၀၀ ပင်တို့ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။