← Home
GAD news
01 Jul, 2026
ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၇၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၁၃ ဦးဖြင့် ၁-၇-၂၀၂၆ ရက်မှ ၂၈-၇-၂၀၂၆ ရက်ထိ ၂၈ ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။