← Home
GAD news
02 Jul, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ တောင်ပေါ်ကျောင်း(ကော့ကရိတ်မြို့)၌ ကျင်းပပြုလုပ်သည့် စက်ချုပ်နည်းပညာသင်တန်း(ပထမအကြိမ်)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ် မြို့နယ်၊ တောင်ပေါ်ကျောင်း(ကော့ကရိတ်မြို့)၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာ သင်တန်း(ပထမအကြိမ်)ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။