← Home
GAD news 03 Jul, 2026

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာအုပ်စု၊ ကွန်ပျူတာတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီအကြို(ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံ မြို့နယ်၊ ဘားကပ်ကျေးရွာအုပ်စု၊ ကွန်ပျူတာတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီအကြို(ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။