← Home
GAD news
06 Jul, 2026
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ နှစ်(၆၀)ပြည့်အထိမ်းအမှတ် ကျောင်းဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် နှစ်(၆၀)ပြည့်အထိမ်းအမှတ် ကျောင်းဆိုင်းဘုတ်ဖွင့်ပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/ သူများကို ပညာသင်ကြားပေးခဲ့သော ဆရာ/ မများဂုဏ်ပြုပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်ပညာရေးမှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းတွင်(၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော လူရည်ချွန်မောင်ထွန်းထက်အောင်အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။