← Home
GAD news 06 Jul, 2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ယာဉ် အမျိုးအစားအလိုက်၊ အင်ဂျင်ပါဝါအလိုက်၊ တစ်ပတ်အတွင်း ဆီဖြည့်သွင်းနိုင်မည့် အကြိမ်အရေအတွက်များ အတိုင်း ပုံမှန်ရောင်းချပေးနေမှုရှိ/ မရှိကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။