← Home
GAD news 07 Jul, 2026

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း(ToT)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာန၊ မြို့နယ်ဥပဒေရုံးမှ ကြီးမှူးကျင်းပသည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(ToT)ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။