← Home
GAD news
07 Jul, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးဝန်းအတွင်းရှိ ရှင်းလင်းဆောင်ခန်းမ၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း သရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ရှင်းလင်းဆောင် ခန်းမ၌ ကျင်းပပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုး မြေမြှုပ်ထည့်သွင်းခြင်းသရုပ်ပြပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ တောင်သူများ စုစုပေါင်းအင်အား ၇၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။