← Home
GAD news
07 Jul, 2026
ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင်(ဂုဏ်ထူး/ ရိုးရိုး)အောင်မြင်ခဲ့သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်(ဂုဏ်ထူး/ ရိုးရိုး)တို့ဖြင့်အောင်မြင်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား ၉၀ ဦးတို့ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် (ဂုဏ်ထူး/ ရိုးရိုး)တို့ဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။