← Home
GAD news
15 Jul, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအား သတိပြုနေထိုင်စေရေး လိုက်လံအသိပေးနှိုးဆော်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ နေ့လယ် ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားလာနိုင်သဖြင့် မြေနိမ့်ပိုင်းများနှင့် ရေဝင်ရောက်နိုင်သည့်နေရာများတွင် နေထိုင်ကြသည့်ပြည်သူများအား ကြိုတင် သတိပြုနေထိုင်စေရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်သည် ခရိုင်/ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။