← Home
GAD news
15 Jul, 2026
ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်၊ အလက(ဈေးတန်း)ကျောင်း၌ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်၊ အလက(ဈေးတန်း)ကျောင်း၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ခရိုင်ပညာရေးမှူး၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား ၃၅ ဦးတို့ တက်ရောက်ခဲ့ပြီး ကျောင်းသား ၁၅ ဦး၊ ကျောင်းသူ ၄ ဦး၊ စုစုပေါင်း ၁၉ ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။