← Home
GAD news 24 Jul, 2026

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာ မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်များမှသင်တန်းသား/ သူများ စုစုပေါင်းအင်အား ၅၀ ဦးတို့ နှင့်အတူ တက်ရောက်ခဲ့ပြီး သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။