← Home
GAD news
27 Jul, 2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ KTVဆိုင်များသို့ သွားရောက်၍ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခရိုင် အချင်းချင်းအပြန်အလှန်စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားချက်အရ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေသည် နတ်တလင်းခရိုင်ဗီဒီယိုလုပ်ငန်းစိစစ် ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ KTV ဆိုင်များသို့ သွားရောက်၍ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။