← Home
GAD news 27 Jul, 2026

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင်း မိုးရွာသွန်းမှုဖြစ်စဉ်များကြောင့် ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက်များပိတ်ဆို့နေမှု များအား ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင်း မိုးရွာသွန်းမှုဖြစ်စဉ်များကြောင့် အမှတ်(၅၊ ၆၊ ၇၊ ၁၂) ရပ်ကွက်များသို့ သွားရောက်၍ ရပ်ကွက်များ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက်များ ပိတ်ဆို့နေမှုများအား ရှင်းလင်း ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။