← Home
GAD news
30 Jul, 2026
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၌ တိုက်နယ်ဆေးရုံပြုပြင် တည်ဆောက်နေမှုနှင့် မြို့တွင်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တိုက်နယ်ဆေးရုံပြုပြင်တည်ဆောက်နေမှုနှင့် မြို့တွင်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။