← Home
GAD news 25 Aug, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ ဘုရားနီ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအား ရှေးမူမပျက်ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ ဘုရားနီဆုတောင်းပြည့်စေတီတော်မြတ်ကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအား ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။