← Home
GAD news 26 Aug, 2026

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာအုပ်စု၊ စကားအင်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် “နည်းပညာသစ် subsoiler တောင်သူပညာပေးကွင်းသရုပ်ပြပွဲ” အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာအုပ်စု၊ စကားအင်းကျေးရွာ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “နည်းပညာသစ် subsoiler တောင်သူပညာပေးကွင်းသရုပ်ပြပွဲ” အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ တောင်သူများ စုစုပေါင်းအင်အား ၆၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။