← Home
GAD news 26 Aug, 2026

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပန်ကျိုင်းကျေးရွာ၌ ကျင်းပ ပြုလုပ်သည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်(လင်းခေး)၏ ၂ဝ၂၆ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ(စတုတ္ထ)အကြိမ်အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပန်ကျိုင်းကျေးရွာ၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်(လင်းခေး)၏ ၂ဝ၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(စတုတ္ထ)အကြိမ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ တပ်နယ်(လင်းခေး)တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား ၅၀၀ ဦးတို့ တက်ရောက် ခဲ့ပြီး ရတနာတန်းဝင် ကျွန်း ၅၀၀ ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။