← Home
GAD news
26 Aug, 2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံကျောင်း၌ ကျင်းပပြုလုပ်သည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၂၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးအတွက် လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများ၊ သင်တန်းသူများ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။