← Home
GAD news 27 Aug, 2026

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရွာ၊ မဟာသဒ္ဓမ္မရံသီကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် "ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)" အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရွာ၊ မဟာသဒ္ဓမ္မရံသီကျောင်းတိုက်၌ ကျင်းပ ပြုလုပ်သည့် "ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)" အခမ်းအနားသို့ ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌‌ရေးကော်မတီ‌ခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကရင် လူမျိုးစာ‌ပေနှင့်ယဥ်‌ကျေးမှုအဖွဲ့မှတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိ သူများ စုစုပေါင်းအင်အား ၁၃၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။