← Home
GAD news
02 Sep, 2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ အုပ်ချုပ်/ ကြီးကြပ်/ ပံ့ပိုးသူများနှင့်ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ပြီး အုပ်ချုပ်/ ကြီးကြပ်/ ပံ့ပိုးသူ ၁၁ ဦး အတွက် တစ်ဦးလျှင် ၁၅ဝဝဝဝိ/-ကျပ်နှုန်းဖြင့် ၁၆၅ဝဝဝဝိ/-ကျပ်၊ ပြိုင်ပွဲဝင် ၉ ဦးအတွက် တစ်ဦးလျှင် ၂၅ဝဝဝဝိ/-ကျပ်နှုန်းဖြင့် ၂၂၅ဝဝဝဝိ/-ကျပ်၊ စုစုပေါင်းငွေ ၃၉ဝဝဝဝဝိ/-ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။