← Home
GAD news 04 Sep, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်၌ ကန့်သတ်ကုန်ပစ္စည်းများမပါရှိ‌စေရေး၊ အုပ်ချုပ်မှုပြင်ပသို့ပစ္စည်းများစီးဆင်းမှုမရှိစေရေး၊ ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်ဆောင်ရွက်နေမှုအခြေအနေ

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ် မြို့ပေါ်ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်၌ ကန့်သတ်ကုန်ပစ္စည်းများမပါရှိ‌စေရေး၊ အုပ်ချုပ်မှုပြင်ပသို့ပစ္စည်းများစီးဆင်းမှုမရှိစေရေး၊ ဂိတ်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ရေစီး ရေလာကောင်းမွန်စေရန်ဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးစန်းမင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။