← Home
ပညာရေး 13 Mar, 2026

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အ.ထ.က(တံတားဦး)စာဖြေဌာန၌ Grade-12 ကျောင်းသား/ ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်၊ နံနက်၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အ.ထ.က(တံတားဦး)စာဖြေဌာန၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှုအခြေအနေတို့အား ခရိုင်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။