← Home
GAD news
08 Sep, 2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်းအင်အား ၃၀၀ ဦးတို့ တက်ရောက်ခဲ့ပြီး အဂတိလိုက်စားမှုတားဆီးရေးအဖွဲ့ CPU များအနေဖြင့် ဥပဒေ၊ စည်းမျဉ်းအပေါ်အခြေခံ၍ တားဆီးကာကွယ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီအရေးယူ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။