← Home
GAD news 08 Sep, 2026

လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အထက(၁)ကျောင်း၌ ကျင်းပ ပြုလုပ်သည့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တုံ့ပြန်ခြင်းအတွက် ကျောင်းသား/ သူများအား အသိပညာပေးခြင်း၊ ပန်းချီပညာ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆုပေးပွဲနှင့် ဟောပြောပွဲ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အထက(၁)ကျောင်း၌ ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တုံ့ပြန်ခြင်းအတွက် ကျောင်းသား/ သူများအား အသိပညာပေးခြင်း၊ ပန်းချီပညာ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆုပေးပွဲနှင့် ဟောပြောပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား ၈၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။