← Home
GAD news 09 Sep, 2026

ပျဉ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်း ကျေးရွာရှိ ဇီးရိုင်းချောင်းအလယ်ကူးတံတားကမ်းကပ်ခုံ ချောင်းရေတိုက်စားမှုကြောင့် နိမ့်ကျွံသွားမှုအပေါ် ပြည်သူများသွားလာနိုင်ရေး ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာရှိ ဇီးရိုင်းချောင်းအလယ်ကူး တံတားကမ်းကပ်ခုံ ချောင်းရေတိုက်စားမှုကြောင့် နိမ့်ကျွံသွားမှုအပေါ် ယာယီသွားလာနိုင်ရေးနှင့် ဖလောင်း ကျေးရွာသွားလမ်းမပေါ်တွင် တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုကျ၍ လမ်းမပေါ်တွင် ကျောက်တုံးနှင့် မြေများ ပိတ်ဆို့ခြင်း၊ လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်းများကို ခရိုင်/ မြို့နယ်လမ်းဦးစီးဌာနမှတာဝန် ရှိသူများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ ဝန်ထမ်းများမှ ပြည်သူများသွားလာနိုင်ရေး ရှင်းလင်းဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။