← Home
GAD news
10 Sep, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်း မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ဘီးလင်းမြို့၊ မီးသတ်စခန်းရှေ့မှ ဘိုးလှကြီး(၂) ၂၀၀ ကေဗွီအေအထိ ACSR 95mm2 ဖြင့် ဆွဲထားသော ၁၁ ကေဗွီ မြို့တွင်းလိုင်းပေ ၂၀၀၀ အား SAC 120 mm2 လဲလှယ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကန်သာယာရပ်ကွက်(၈)၊ ဗန္ဓုလ(၁)လမ်းတွင် Insulated Cable 95 mm2 များဖြင့် ပေ ၇၀၀ အသစ် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။