← Home
GAD news 22 Sep, 2026

ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့် မွမ်းမံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်း၌ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းစီမံကိန်းဖြင့် အခြေခံနှင့်မွမ်းမံလျှပ်စစ်သံဂဟေ ဆက်နည်းပညာသင်တန်း၌ လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား ၁၅ ဦး၊ စုစုပေါင်း အင်အား ၄၀ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်း ၆ မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။