← Home
GAD news
22 Sep, 2026
နေပြည်တော်ကောင်စီရုံးဝန်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနား
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ် ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီရုံးဝန်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး/ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁၀၅ ဦး၊ စုစုပေါင်း အင်အား ၁၆၁ ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၁-၉-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။