← Home
ပြည်သူ့ဆက်ဆံရေး 16 Mar, 2026

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့ပေါ်ရှိလမ်းများပေါ်တွင် လမ်းသွားလမ်းလာဒေသခံ ပြည်သူများအား “စက်သုံးဆီချွေတာရေး ဆီစားသက်သာစေဖို့၊ ဒီလိုလုပ်ကြစို့” အသိပညာပေး လက်ကမ်း စာစောင်များဖြန်ဝေ

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ လင်းခေး - ဝမ်ဟတ် - ဟိုမိန်းပြည်ထောင်စုလမ်းနှင့် နမ့်စန် - မိုးနဲ - မိုင်းတုံ - ပြည်ထောင်စုလမ်းပေါ် တစ်လျှောက် လမ်းသွားလမ်းလာဒေသခံပြည်သူများအား “စက်သုံးဆီချွေတာရေး ဆီစားသက်သာ စေဖို့၊ ဒီလိုလုပ်ကြစို့” အသိပညာပေးလက်ကမ်းစာစောင်များကို လူထုလှုပ်ရှားမှုအသွင်ဖြင့် လင်းခေး တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ အသိပညာပေးလက်ကမ်းစာစောင် မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ၁၃၅၀ စောင်အား ပြည်သူများလက်ဝယ်သို့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။