← Home
GAD news 24 Sep, 2026

မင်းဘူး(စကု)မြို့နယ်ရှိ ကျွဲတဲရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းနှင့် စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗောဓိလမ်းတောင်ဘက်ခြမ်းရှိ အုတ်ရေမြောင်းပြုလုပ်နေမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကျွဲတဲရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗောဓိလမ်းတောင်ဘက်ခြမ်းရှိ အုတ်ရေမြောင်းပြုလုပ်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် ခရိုင်တည်ဆောက်ရေး လုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်းပြီးစီးစေရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။