← Home
GAD news 24 Sep, 2026

လဲချားမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဗထူးလမ်း ကျောက်မှကတ္တရာခင်းခြင်းလုပ်ငန်း၊ သစ္စာလမ်း မြေမှကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကန်သာယာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်သည် ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။