← Home
GAD news
24 Sep, 2026
ရမည်းသင်းမြို့နယ်၊ ကံသာအေးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်သည့် မန်ကျည်းသီး၊ ဆီးသီး၊ ငရုပ်သီးအခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ကံသာအေးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ပြုလုပ်သည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သည့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြင့် မန်ကျည်းသီး၊ ဆီးသီး၊ ငရုပ်သီးအခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်းသူ ၁၅ ဦး၊ ကျေးရွာသူ/ သားများ စုစုပေါင်း ၁၀၀ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။