← Home
ပြည်သူ့ဆက်ဆံရေး 16 Mar, 2026

ကယားပြည်နယ်၊ ဘော်လခဲမြို့ရှိ ဖြစ်ပွားခဲ့သည့်ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့ပြီး ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့ရှိ ၂၀၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့ပြီး ဖွင့်လှစ်နိုင်ခြင်း မရှိသည့် မြို့မဈေး၏ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။