← Home
GAD news 02 Oct, 2026

မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်း ဆန္ဒဖော်ထုတ်ပွဲ(၇/ ၂၀၆)အား ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနားတွင် ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များနှင့် ဝန်ထမ်းမိသားစုဝင်ကျောင်းသား/သူ များအတွက် ပညာသင်စရိတ်များ ထောက်ပံ့ ပေးအပ်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(၇/ ၂၀၆)အား ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနားတွင် ဝန်ထမ်းများအားအခြေခံစားသောက်ကုန်များနှင့် ဝန်ထမ်းမိသားစုဝင်ကျောင်းသား/သူ များအတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။