← Home
GAD news 05 Oct, 2026

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဦးဘောက်နော်ခြံမြေရှိ ကသာ နှစ်ခြင်းယာယီတိမ်းရှောင်စခန်း၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် တိမ်းရှောင်အိမ်ထောင်စုဝင် များအား ဆန်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဦးဘောက်နော်ခြံမြေရှိ ကသာနှစ်ခြင်းယာယီ တိမ်းရှောင်စခန်း၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် တိမ်းရှောင်အိမ်ထောင်စုဝင်များအား ဆန်များထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တိမ်းရှောင်အိမ်ထောင်စု ၇၁ စုအတွက် ၂၄ ပြည်ပါ ဆန်အိတ် ၇၁ အိတ်အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။