← Home
GAD news
05 Oct, 2026
မြင်းခြံမြို့အတွင်းရှိ ရပ်ကွက်များ၌ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်များနှင့် ဓါတ်တိုင်များလဲကျနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့အတွင်းရှိ ရပ်ကွက်များ၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ် ခြင်းကြောင့် သစ်ပင်များနှင့် ဓါတ်တိုင်များလဲကျနေမှုအား ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ဝိုင်းဝန်းရှင်းလင်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။