← Home
GAD news 05 Oct, 2026

အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အောင်မြေမန္တလာအားကစားကွင်း၌ မလေးရှားနိုင်ငံမှပြန်လည်ခေါ်ဆောင်လာသော နေရပ်ပြန်ပြည်သူ များအား ကြိုဆိုနေရာချထားခြင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ည ၁၀ နာရီ ၃၅ မိနစ်တွင် မ‌န္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အောင်မြေမန္တလာ အားကစားကွင်း၌ မလေးရှားနိုင်ငံမှပြန်လည်ခေါ်ဆောင်လာသောနေရပ်ပြန်ပြည်သူ ၆၀ ဦးအား ကြိုဆို နေရာချထားခြင်းဆောင်ရွက်နေမှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။