← Home
GAD news
05 Oct, 2026
မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများမှ ပြန်လည်ခေါ်ဆောင်လာသည့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ နေရပ်ပြန်ပြည်သူ များအား လက်ခံကြိုဆို
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ည ၇ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မလေးရှားနိုင်ငံရှိထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ခေါ်ဆောင် လာသည့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ နေရပ်ပြန်ပြည်သူ ၁၉၈ ဦးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ကြိုဆို လက်ခံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာအချက်အလက်များ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပြစ်မှုကင်းရှင်းမှုရှိ/ မရှိ စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။