← Home
GAD news
05 Oct, 2026
မြိတ်မြို့နယ်၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာ၊ ပညာရေးတပ်ကျောင်း(၁)၌ ခြေမြန်တပ်ရင်း(၅၅၆) ရှေ့တန်းပြန်စစ်သည်များအား ကြိုဆို
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာ၊ ပညာရေးတပ်ကျောင်း(၁)၌ ခြေမြန်တပ်ရင်း(၅၅၆) ရှေ့တန်းပြန်စစ်သည် ၁၀၈ ဦးတို့အား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မင်းသူရင်နှင့် အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။