သတင်းများ
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ်(၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(ဂျိုးဖြူ)၌ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၀) (၁၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ်(၁)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (ဂျိုးဖြူ)၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) (၁၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်သည့် နွေရာသီအထူးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ခရိုင်၊ တောင်ငူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော နွေရာသီ အထူးသင်တန်းများဖြစ်သည့် ပန်းချီ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၊ ရွာသာကုန်းအုပ်စု၊ ရွာသာကုန်းကျေးရွာရှိ တောင်သူများစိုက်ပျိုးထားရှိသော နွေစပါးရေဆင်း ပေါ်ဆန်း(၁) ၄၀ ဧက မျိုးသန့်ပွားစိုက်ပျိုးထားရှိ မှုအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၊ ရွာသာကုန်းအုပ်စု၊ ရွာသာကုန်းကျေးရွာရှိ တောင်သူဦးစိုးမင်းထွန်းပါ ၈ ဦး ၏ နွေစပါးရေဆင်း ပေါ်ဆန်း(၁) ၄၀ ဧက မျိုးသန့်ပွားစိုက်ပျိုးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည့် (၆၄) နှစ် မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်၊ နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီးပရဝဏ်အတွင်း ကျင်းပ ပြုလုပ်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ကျိုက်ပညာယျ စေတီတော်မြတ်ကြီးပရဝဏ်အတွင်း ကျင်းပပြုလုပ်သည့် (၆၄)နှစ်မြောက် တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ၊ပြိုင်ပွဲနှင့် (MSME) ဒေသထုတ်ကုန်စျေးရောင်း ပွဲတော် ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်၊ နေ့လယ် ၁ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့တက်ရောက်၍ ပြခန်းများအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၄) နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြခန်းများခင်းကျင်းပြသထားရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုသည် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁) ၊ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓဘိသက အနေကဇာတင်ခြင်း၊ ရွှေကြာ သင်္ကန်းကပ်လှူခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားသို့တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်၊ နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁) ၊ "ဝိဇယဘူ မိမဟာအောင်မြေမင်္ဂလာကုန်းတော်တွင် တည်ထားကိုးကွယ်သည့် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ " ၁၃၈၇ ခုနှစ်၊ (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓဘိသက အနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းမင်္ဂလာအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူးနှင့်အရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ စေတနာရှင်/ သဒ္ဒါရှင်/ ကုသိုလ်ရှင်၊ ဘုရားဒါယိကာ/ ဒါယိကာမတို့နှင့်အတူ တက်ရောက်ခဲ့ပြီး ပင့်သံဃာတော်အပါး (၂၀၀) ပါးတို့အား စာရေးတံမဲနှင့်ဆွမ်း အစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
ချင်းပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်းကောင်းရပ်ကွက်၊ ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်၊ နံနက် ၈ နာရီတွင် ချင်းပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်းကောင်း ရပ်ကွက်၊ ဟူးကောင်းခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမ များနှင့် တောင်သူလယ်သမားများ စုစုပေါင်းအင်အား ၁၅၀ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ (၂၁)မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ကုန်ပစ္စည်းတင် မော်တော်ယာဉ်များအား တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှု မရှိစေရေး ရှောင်တခင်စစ်ဆေး
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်ပစ္စည်းတင် မော်တော်ယာဉ်များအား တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ပြည်နှင်လွှဲပြောင်းမည့် နိုင်ငံခြားသားများ၏ ကိုယ်ရေးအချက် အလက်ကောက်ယူခြင်းလုပ်ငန်းပူးပေါင်းအဖွဲ့အား ကြီးကြပ်ဆောင်ရွက်ခဲ့
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ တရားမဝင်ဆောက်လုပ်ထားသော ဆိုဒ်များ အတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေကြ သည့် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ် နိုင်ငံသား ၁၄၈ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃ ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား ၁ ဦး နှင့် ရုရှားနိုင်ငံသား ၁ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၅၆ ဦး တို့ကို ထပ်မံစစ်ဆေးဖော်ထုတ်နေမှုအား မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ အဆိုပါ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များက စစ်ဆေးဖော်ထုတ်ရရှိသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကို စနစ်တကျ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နေ့ချင်းပြီး ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၁၄၃၆၄ ဦး ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၁၃၂၆၂ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၁၁၀၂ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အပြည့်အစုံဖတ်ရန် →