ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၉)မြန်မာခါးရိုးရပ်ကွက်တွင် မဲစာရင်းများပြည့်စုံ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်မကျန်ရှိစေရေးအတွက် မဲစာရင်းတိုက်ဆိုင် စစ်ဆေးနေမှုအား ကွင်းဆင်းစစ်ဆေး
၅-၁၂-၂၀၂၅၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀ နာရီ ၂၀ တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၉) မြန်မာခါးရိုးရပ်ကွက်တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်မကျန်ရှိစေရေးအတွက် တစ်အိမ်တက်/ ဆင်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။