အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ်(၅) အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုနည်းနှင် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနား ကျင်းပ ပြုလုပ်

၁၄-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီ တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ်(၅) အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ ကျောင်း ၄၂ ကျောင်းမှ ဆရာ/ဆရာမများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ မြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများ၊ ဆရာ/ ဆရာမများ စုစုပေါင်းအင်အား ၁၇၀၀ ဦး တက်ရောက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုုလုပ်

၁၄-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား ၁ ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ)ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပြီး အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၂၇၂ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ ပြည်နယ်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၁၄-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နေ့လယ် ၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ ပြည်နယ်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့မိမြို့ဖများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လျာထားမဲရုံ တည်နေရာများအား ကွင်းဆင်းစစ်ဆေး

၁၂-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အုန်းပင်စုရပ်ကွက်၊ ကျွန်းတောရပ်ကွက်၊ ရွှေဆံတော်ရပ်ကွက်နှင့် ကံဘဲ့ကျေးရွာအုပ်စုရှိ လျာထားမဲရုံ တည်နေရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ကောင်းခါးကျေးရွာ၊ ဟူးမွန်ကွင်းရှိ လယ်မြေများတွင် တောင်သူများ၏ စိုက်ခင်းများနှင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာများအား ကြည့်ရှုအားပေး

၁၂-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်ရှိ ဟူးမွန်ကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာ၊ ဟူးမွန်ကွင်းရှိ လယ်မြေများတွင် တောင်သူများ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများဖြစ်ထွန်းနေမှုအခြေအနေများနှင့် နံနက် ၉ နာရီ ၄၀ မိနစ်တွင် လားရှိုးမြို့နယ်၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော လူနာများအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း လိုက်ပါ၍ အားပေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ မိုးနဲ- ကင်တုံ- လုံစံကျေးရွာသွားလမ်းပေါ်ရှိ ကွန်ကရစ် တံတားတည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၁-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စုအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၅၀.၄၄၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုးနဲမြို့နယ်၊ မိုးနဲ- ကင်တုံ- လုံစံ ကျေးရွာ သွားလမ်းမပေါ်ရှိ ၃၀ပေ x ၁၄ပေ ကွန်ကရစ်တံတားတည်ဆောက်ခြင်း(ချဉ်းကပ်လမ်းနှင့် ကျောက်စီ မြေထိန်းနံရံအပါ)လုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၈)ရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အခမ်းအနားကျင်းပပြုလုပ်

၁၁-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၃၈)ရပ်ကွက်ရှိ သာသနာ့ပါလဓမ္မာရုံတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ နေအိမ်များ အား PSMS (Person Scrutinization and Monitoring System) လူပုဂ္ဂိုလ်တစ်ဦးချင်းအား စိစစ် စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းစစ်ဆေးခြင်းဆောင်ရွက်

၁၁-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ နေအိမ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေပြုလုံခြုံရေး တပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဧည့်စာရင်းစစ်ဆေးစဥ် မြို့နယ်ရဲတပ်ဖွဲ့ PSMS (Person Scrutinization and Monitoring System) လူပုဂ္ဂိုလ်တစ်ဦးချင်း အား စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းစစ်ဆေးခံရသူများအား တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်ရှိ လားရှိုး- မိုင်းရယ်- ကျေးသီးလမ်းပိုင်းပြုပြင်နေမှုအား ကွင်းဆင်းစစ်ဆေး

၁၁-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နေ့လယ် ၃ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုး ခရိုင်၊ လားရှိုးမြို့နယ်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် သည့် လားရှိုး - မိုင်းရယ် - ကျေးသီးလမ်းပိုင်းပြုပြင်နေမှုအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 70039

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR