အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ဖုန်းနှင့် ဆင်းကတ် အရောင်းဆိုင်များအား တရားမဝင်ဆင်းကတ်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

၁၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ဖုန်းနှင့်ဆင်းကတ်အရောင်းဆိုင်များအား တရားမဝင် ဆင်းကတ်ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ သိန်းသန်းမြန်မာမှု(ပန်းပုလုပ်ငန်း)၌ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

၁၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ချမ်းမြကန်သာရပ်၊ ပုလဲလမ်းသွယ်ရှိ သိန်းသန်းမြန်မာမှု(ပန်းပုလုပ်ငန်း)၌ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးနေမှုအား လိုက်ပါ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးနှင့်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တာဝန်ယူဆောင်ရွက်သည့် လမ်း၊ တံတား ဆောက်လုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

၁၄-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးနှင့်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့်၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တာဝန်ယူဆောင်ရွက်သည့် လမ်း၊ တံတားဆောက်လုပ်ခြင်းလုပ်ငန်းများအား အတိုင်းအတာသတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီမှု ရှိ/မရှိအခြေအနေများအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် မြေထိန်းနံရံဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၁၃-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ် ခရိုင်၊ တာချီလိတ်မြို့၌ စက်မှုဇုန်သာယာလှပရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်အတွင်း အကောင်အထည်ဖော်ရန် ကျန်ရှိသည့်ကိစ္စရပ်များ၊ စက်မှုဇုန်အတွင်းရှိ စက်ရုံများ၏လည်ပတ်မှု အခြေအနေများ၊ အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့် ပုန်းထွန်ရပ်ကွက် ရေချောင်းအနီး ရေကြီး ရေလျှံမှု ကာကွယ်နိုင်ရေးအတွက် စည်ပင်သာယာရေးဦးစီးဌာနမှ မြေသားတာဘောင် မြေထိန်းနံရံ ဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ အားကစားကွင်းတွင် မိုးရာသီကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲကွင်းဖွင့်ပွဲကျင်းပ

၁၃-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ အားကစားကွင်းတွင် မိုးရာသီကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲဆောင်ရွက်ခဲ့ရာ အမှတ်(၁) ရှေ့တန်းစစ်ဗျူဟာမှူး၊ တပ်နယ်မှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း (ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားမောင်မယ်များ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား” သို့ တက်ရောက်

၁၃-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား”သို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်သည်များ၊ ကျောင်းသား/သူများ၊ မူကြိုကလေးငယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မုပွန်ဈေး၌ အသား၊ ငါး၊ ပုဇွန်ရောင်းချနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

၁၃-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ တိုးချဲ့(၈)လမ်းအောက်ပိုင်းရှိ မုပွန်ဈေး၌ အသား၊ ငါး၊ ပုဇွန်ရောင်းချနေမှု အခြေအနေ များအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ငယ်ဒိုးလမ်းရှိ ကဒတ်ချောင်း ရေထိန်းတံခါးရေပေးဝေသည့် ရေလမ်းကြောင်းတစ်လျှောက် အမှိုက်များမရှိစေရန် နုန်းဆယ်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

၁၃-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ငယ်ဒိုးလမ်းရှိ ကဒတ်ချောင်းရေထိန်းတံခါး ရေပေးဝေသည့် ရေလမ်းကြောင်းတစ်လျှောက် အမှိုက်များမရှိစေရန် နုန်းဆယ်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၁၂-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အားကစားကွင်း အရှေ့ဘက်ခြမ်း၌ အုတ်တံတိုင်းကာရံခြင်းအတွက် ခွင့်ပြုငွေကျပ်သန်း ၉၁.၆၅ဝ ဖြင့် ဆောင်ရွက်လျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်း ၆၀% ပြီးစီးမှုအား ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆေးစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 70039

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR