ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ၆ခန်းတွဲ ဝန်ထမ်းအိမ်ရာ ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
၂၁-၁၀-၂၀၂၅၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် Genius King Co,Ltd မှ တာဝန်ယူဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၏ ၆ ခန်းတွဲ ဝန်ထမ်း အိမ်ရာခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်း (၄၅၀ × ၆)ပေ ဆောင်ရွက်နေမှု အားစံချိန်စံညွှန်းအရည်အသွေး ပြည့်မီစေရေးနှင့်သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင် ဦးဆောင်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။