အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆန်ဆိုင်များ၊ ဆန်စက်များနှင့် ဆန်ဂိုထောင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်း များဖြင့် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

၁၂-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဆန်စက်များနှင့် ဆန်ဂိုထောင်များအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများမရှိစေရေး၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သို လှောင်ထားခြင်းများ မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်း ဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/ မရှိတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

၁၁-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၁၁ ရက် နံနက် ၆ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး အား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဂေါပက အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ၌ မိုးခေါ်ဆုတောင်းပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

၁၁-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၁၁ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ စက်တော်ရေထွက်ဦးနေရာတွင် နှစ်စဉ် ကျင်းပသော ရိုးရာဓလေ့အရ စိုက်ပျိုးသီးနှံများနှင့် ဆန်ရေစပါး ပေါကြွယ်ဝစေရေးအတွက် သံဃာတော်အရှင်သူမြတ်တို့မှ ဦးဆောင်၍ တောင်သူလယ်သမားများစုပေါင်းပြီး မိုးခေါ် ဆုတောင်းပွဲ ကျင်းပခြင်းနှင့် မိုးနဲမြို့နယ်၊ လွယ်ပြေရပ်ကွက်၊ မဟာရန်အောင် အုဋ်ကျောင်းတိုက် အတွင်းရှိ ဗောဓိညောင်ပင်အား စုပေါင်းညောင်ရေသွန်းပွဲ ကျင်းပခြင်းတို့ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့ကျေးရွာအုပ်စု၊ အိမ်ခစ်ကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

၉-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်၊ ခေါင်းနွဲ့ကျေးရွာအုပ်စု၊ အိမ်ခစ်ကျေးရွာတွင်ကမ္ဘောဇဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အခြေခံပညာမူလတန်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့ စစ်မှုထမ်းဆိုင်ရာဥပဒေများအကြောင်း ရှင်းလင်းပြောကြားခြင်း

၉-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် အမှတ်(၃) (က) ရပ်ကွက်နေ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေများအကြောင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ဆန်လက်လီ/ လက္ကား အရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

၉-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ဆန်လက်လီ/ လက္ကားအရောင်းဆိုင်များအား သတ်မှတ် ဈေးနှုန်း အတိုင်းရောင်းချခြင်းရှိ/ မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူသည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများဖြင့် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား တရားမဝင် ဈေး

၉-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၉ ရက် နံနက် ၉နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ တရားမဝင် ဈေးနှုန်းဖြင့် အမြတ်တင်ရောင်းချသောဆိုင်များမရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နုသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ အလားတူ ၂၀၂၅ ခုနှစ် မေလ ၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉) ရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး မြို့နယ်မြေပြင်ကွင်းဆင်းကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်ရှိ ဆန်ဆိုင် များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေး

၈-၅-၂၀၂၅

၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်၊ နံနက် ၈နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်း ကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်ရှိဆန်ဆိုင်များအား ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ဓမ္မာရုံ၌ နေရပ် စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း

၈-၅-၂၀၂၅

၂၀၂၅ ခုနှစ် မေလ ၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ဓမ္မာရုံ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ နေရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် နေရပ်စွန့်ခွာပြည်သူများအား(၂)လစာ တစ်ဦးလျှင် ၄၀,၀၀ဝိ/-နှုန်းဖြင့် ၁၂၁ ဦးအတွက် စုစုပေါင်းငွေကျပ် ၄,၈၄ဝ,ဝဝဝိ/- ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50542

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR