အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

နွားမေထုန်မဲ့သားစပ်ခြင်းသင်တန်း ဖွင့်ပွဲကျင်းပ

၁၁-၉-၂၀၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ (၁၁-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် နွားမေထုန်မဲ့သားစပ်ခြင်းသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်း သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Physical Fitness Dance သင်တန်းဆင်းပွဲကျင်းပ

၆-၉-၂၀၂၄

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း (မိုင်းဆတ်)၌ (၆-၉-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် Physical Fitness Dance သင်တန်းဆင်းပွဲကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး(ခရိုင်အုပ်ချုပ် ရေးမှူး)၊ ခရိုင်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ခြင်း၊ သင်တန်းသူများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းသူ များမှ သီချင်းများဖြင့် သရုပ်ပြဖျော်ဖြေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(ယိုမျိုးစုံ) သင်တန်းဖွင့်ပွဲကျင်းပ

၆-၉-၂၀၂၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ အ.ထ.က(နတ်ကြီးချောင်) ကျောင်း၌ (၆-၉-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး စီမံကိန်း သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ)သင်တန်း ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်(ခရိုင်အုပ်ချုပ် ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART VILLAGE) ထူထောင်နိုင်ရန်အတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

၅-၉-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာ၌ (၅-၉-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း(SMART VILLAGE) ထူထောင်နိုင်ရန်အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှူးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ခေတ်မီ စံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART VILLAGE) ထူထောင်နိုင်ရန်အတွက် ရန်ပုံငွေကျပ် (၄၀.၀၀၀)သန်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၃၀-၈-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၃၀-၈-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးကော်မတီ၏ အိမ်ခန်းနေရာချ ထားရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဆောင်ရွက်

၃၀-၈-၂၀၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၃၀-၈-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ကံ့ကော်ရပ်ကွက်၊ ပြည်သူ့ဈေးရှေ့၌ မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းဘေးမြေသားနံရံများ ပြိုကျသည့်နေရာတွင် ရှင်းလင်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၆-၈-၂၀၂၄

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး(မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးမှူး၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူးတို့နှင့်အတူ (၂၆-၈-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် မြို့နယ် အတွင်းရှိ မိုင်းတုံ-မိုင်းဆတ်မြို့နယ်ချင်းဆက်လမ်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းဘေးမြေသားနံရံများ ပြိုကျသည့်နေရာတွင် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြကန်သာပန်းခြံနှင့် ရေကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေး

၂၃-၈-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ် ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၂၃-၈-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လွိုင်လင်မြို့နယ်၊ မြကန်သာပန်းခြံ၌ ပန်းခြံနှင့် ရေကန်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဒေသဝက် (၅၀)ကောင် ဝယ်ယူဖြန့်ဖြူးပေးအပ်ပွဲကျင်းပ

၂၂-၈-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းလုံကျေးရွာ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်၌ (၂၂-၈-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဒေသဝက် (၅၀)ကောင် ဝယ်ယူဖြန့်ဖြူးပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 52693

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR