အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

သဲနုန်းတူးဖော်ခြင်း၊ မှော်ဆယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အဝင်/အထွက်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၄-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၌ (၄-၃-၂၀၂၄)ရက်၊ (၁၃၃၀)အချိန်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် တင်ဝင်းနိုင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မြကန်သာသဲနုန်းတူးဖော်ခြင်း၊ မှော်ဆယ်ခြင်းလုပ်ငန်း(၃၅%) ဆောင်ရွက် ပြီးစီးမှုနှင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဆည်မြောင်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရုံး အဝင်/အထွက်လမ်းဖော်လုပ်ခြင်းလုပ်ငန်း(၁၀၀%) ပြီးစီးမှုအခြေအနေတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး) (ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်းအတည်ပြုရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

၄-၃-၂၀၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၄-၃-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အသုံးပြုနိုင်ရေးအတွက် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်း အတည်ပြုရေး ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား (၄၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ လူဦးရေစာရင်းပြုစုရာတွင် လိုအပ်သည့် အချက်အလက်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ကွန်ဟိန်းမြို့အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး

၄-၃-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင် (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူး၊ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ မများ စုစုပေါင်းအင်အား (၁၅)ဦး တို့နှင့်အတူ (၄-၃-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ မီးဘေးလုံခြုံရေးအခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

မိုင်းဖြတ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

၂-၃-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ (၂-၃-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ယမ်း ကျေးရွာနှင့် မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနား(ရှမ်း)ရွာတို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၅)ဦးတို့အား တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် သက်ကြီးဘိုးဘွား (၁) ဦးလျှင် (၃၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းလူမှုရေးပင်စင် ထောက်ပံ့ငွေ (၁၅၀,၀၀ဝိ/-)ကျပ် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုင်းဖြတ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် အသက်(၂)အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

၂၉-၂-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉-၂-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ် နှင့်အထက် ဘိုး/ဘွားများနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင် ဘိုး/ဘွား (၁) ဦးလျှင် (၁)လ (၁၀,၀၀ဝိ/-)၊ (၃)လအတွက် (၃၀၀၀ဝိ/-)နှုန်းဖြင့် ဘိုး/ဘွား(၈၄)ဦးအတွက် (၂,၅၂၀,၀၀ဝိ/-)နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုင်းဖြတ်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ

၂၉-၂-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉-၂-၂၀၂၄) ရက်၊ (၁၀၃၀)အချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တက်ရောက်လာသူများ အား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ရွာငံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

၂၉-၂-၂၀၂၄

ရှမ်းပြည်နယ်၊ “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”၊ ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၂၉-၂-၂၀၂၄)ရက်၊ (၀၉၀၀) အချိန်တွင် မြိုင်ကျေးရွာ အုပ်စု၊ မြိုင်ကျေးရွာဈေး၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ပိုမို နားလည်သဘောပေါက်သိရှိစေရန်နှင့် နားလည်မှုလွဲမှားခြင်းများ မဖြစ်ပေါ်စေရန်တို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ပါ အသိပညာပေးလက်ကမ်း စာစောင် (၂၀၀)စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Box culvert များ တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၈-၂-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၌ (၂၈-၂-၂၀၂၄)ရက်၊ (၀၉၃၀) အချိန်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၂.၀၀ သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် လွိုင်လင် - ပင်လုံ - လဲချား ပြည်ထောင်စုလမ်းမကြီးမှ ဝမ်အင် - ဝမ်လုံကျေးရွာ မေတ္တာအေးရိပ်ဘုန်းတော်ကြီးသင် ပရဟိတပညာရေးကျောင်းသို့ ဆက်သွယ်သည့် လမ်း၅ပေ Box culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ (ခရိုင်တည်ဆောက်ရေး နှင့်လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပင်လုံမြို့ကျက်သရေဆောင် မဟာရဌာဘိသာမဂ္ဂီစေတီတော်ရင်ပြင်၌ ကျောက်ပြားအသစ် လဲလှယ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၇-၂-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ကျက်သရေဆောင် မဟာရဌာ ဘိသာမဂ္ဂီစေတီတော်ရင်ပြင်၌ (၂၇-၂-၂၀၂၄)ရက်၊ (၀၉၃၀) အချိန်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ZNH ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မဟာရဌာဘိသာမဂ္ဂီစေတီတော်ရင်ပြင်၌ ကျောက်ပြား အသစ် လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ (ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ) သည် ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူး၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 50907

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR